.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Sunday, November 24, 2013

.... အဖေ ဆိုတာ ....

"အဖေ ဆိုတာ "
★★★★★★

အဖေဆိုတာ = ပခတ်လွဲတဲ့ လက်မဟုတ်ခဲ့ပါဘူး ဒါပေမဲ့
လွဲဖို့ ပခတ်ဆင်ပေးခဲ့တဲ့သူတစ်ယောက်

အဖေဆိုတာ = အမေတစ်ယောက်လို့  အနားမှာနေအချိန် ပြည့်ဂရုမစိုက်ပေးနိုင်ခဲ့ပေမဲ့ အမေ့ရဲ့ဂရုစိုက်မှုကို
အချိန်ပြည့်ရအောင် ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ = အမေတစ်ယောက်လို သားသ္မီးအပေါ် ကြင်နာမှုကို အပြင်ထုတ်ပြီးမချစ်ပြခဲ့ပေမဲ့ အမေတစ်ယောက်ထက် မလျော့တဲ့အကြင်နာမေတ္တာတာတွေ ရင်ထဲမှာ အပြည့်ရှိနေခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ = အမေတစ်ယောက်လို ဖိုးလမင်းဆီက ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ တောင်းမကျွေးခဲ့ပေမဲ့ သားသ္မီးကိုကျောအပေါ်တင် ဆင်ကြီးတစ်ကောင် မြင်းတစ်ကောင် ဖြစ်ပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ = အမေတစ်ယောက်လို ဝတ်ချင်တာကို ကိုယ်တိုင်မဆင်ပေးခဲ့ပေမဲ့ ဝတ်ချင်တာကိုဆင်ပေးနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ = အမေတစ်ယောက်လို စားချင်တာကိုချက်ပြုတ်
မကျွေးခဲ့ပေမဲ့စားချင်တာကိုချက်ပြုတ်ကျွေးနိုင်အောင်
ရှာဖွေပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ = အမေတစ်ယောက်လို ဝမ်းနဲ့ လွယ်မမွေးခဲ့ပေမဲ့ ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ အမေနဲ့  သားသ္မီးတွေအတွက် ပူပင်သောကမရှိရအောင်စောင့်ရှောက်ကာကွယ်ပေးနေခဲ့တဲ့သူ၊ မိသားစုတစ်ခုရဲ့ သူရဲကောင်း
အဖြည့်ခံမေတ္တာသမားကြီးတစ်ယောက်ဟာ
အဖေ ပါပဲ...။

( writer အညတြ

ဆယ်တန်းဖြေဆိုမည့် ကျောင်းသား/သူ ကလေးများအတွက်

ဒီဇင်ဘာထဲဝင်ပြီ။ ဒီတော့ ဆယ်တန်းဖြေဖို့က သုံးလလောက်ပဲလိုတော့တယ်ပေါ့။ ဒီတော့ သိပ်ကိုမှန်းထားတဲ့လူတွေအဖို့ မထောင်းသာပေမယ့် တချို့သားလေးတွေ သမီးလေးတွေအတွက်တော့ မျက်လုံးပြူးလာပြီပေါ့။ ကိုယ်တိုင်မပြူးတောင် မိဘတွေ ဆရာတွေက ပြူးအောင် စညှစ်ပြီလို့ ထင်တယ်။

ဒီတော့ မားးးဆယ်တန်းဖြေတုန်းက အတွေ့အကြုံလေးတချို့ကို လိုအပ်ရင် သုံးလို့ရအောင် ဝေမျှချင်တယ်။ ဆယ်တန်းလို့ ပြောပေမယ့် တကယ်တော့ ဘယ်စာမေးပွဲဖြေဖြေ အရေးတကြီး လုပ်ရမယ့်ဟာလေးတွေပေါ့ကွယ်။ 

ပထမဆုံး Time အချိန်ဘယ်လောက်ကျန်သေးတယ်ကို ချိန်ပါ။ နောက်ရက်ကိုးဆယ်ကျန်သေးတယ်ထားပါတော့ ဒီရက်ကိုးဆယ်ရှိသေးတယ်ဆိုပါစို့ ဒီရက်ကိုးဆယ်ကို ဘယ်လိုအသုံးချမှာလည်းတွေးရတော့မယ်။ အထိရောက်ဆုံး သုံးနိုင်ဖို့ တွေးတော့။ အရင်က ဘာလုပ်ခဲ့လုပ်ခဲ့ ဒီသုံးလလောက်တော့ စိတ်ကိုထိန်းပြီး အကောင်းဆုံးလုပ်ရတော့မှာ။ 

ပထမဆုံးက ကိုယ်သင်ယူပြီးတာ သင်ရိုးတခုလုံးရဲ့ ဘယ်လောက်ပြီးသွားပြီလဲ ? ဘယ်လောက်ကျန်သေးလဲ အရင်ကြည့်ရမယ်။ ဒါမှ ကိုယ်ကျက်ရမှာ ဘယ်လောက်ကျန်ဦးမှာလဲသိမယ်။ ပြီးရင် ဘာသာရပ်တခုချင်းရဲ့ ဆရာ/ဆရာမကို မေးပါ။ ဘယ် chapter တွေက အောင်မှတ်လဲ ? ဘယ် chapter တွေက ဂုဏ်ထူးမှတ်လဲ ? ဒါကို အားမနာတမ်းမေးပါ။ ကိုယ်ကျက်ထားတာ ဘယ်လောက် ရှိနေပြီလဲ စမ်းစစ်ပါ။

ပြီးရင် မေးခွန်းဟောင်းတွေကို လေ့လာပါ။ ဖြေကြည့်ပါ။ ပြောချင်တာက စာရတာတခု။ စာမေးပွဲဖြေတတ်တာတခုပါ။ ဒီတော့ မေးခွန်းကိုဘယ်လိုဖတ်ရတယ်။ ဘယ်လိုမေးခွန်းမျိုးကို အချိန်ဘယ်လောက်ပေးရတယ်ဆိုတာကို ဆရာကို အားမနာတမ်းပြောပြခိုင်းပါ။ ဒီအချိန်က တဘဝလုံးဆိုင်တဲ့အချိန်မှာ ကိုယ့်အားကိုယ်မကိုးရင် နောက်မှ နောင်တရလိမ့်မယ်။ စာကျက်တယ်ဆိုရင် အတို notes လေးတွေ တခါတည်းချရေးထားပါ။ စာမေးပွဲမဖြေခင်မှာ ဒီ notes လေးတွေက ပြန်နွှေးရတာ အရမ်းကိုလွယ်စေလိမ့်မယ်။

ခွေးအရမ်းကြောက်တဲ့လူကို ခွေးလှောင်အိမ်အနားထိတိုးပြီး ကြည့်ခိုင်းရတယ်။ အမှောင်ကြောက်တဲ့လူကိုလည်း အမှောင်ထဲကို ပထမ ခြေတလှမ်း၊ နောက်ခြေနှစ်လှမ်း စလို့ "တဖြည်းဖြည်းချင်း" ရင်းနှီးမှုယူရပါတယ်။ 

ဒီလိုပါပဲ စာမရလို့ confident မရှိဘူးဆိုရင် တစ်ပုဒ်လောက်ကစလို့ ပိုင်ပိုင်နိုင်နိုင် ရအောင် ကျက်ပါ။ တစ်ပုဒ်ကစလို့ တအုပ်လုံး ပိုင်နိုင်သွားပါလိမ့်မယ်။

ပြီးတော့ အပို အလုပ်တွေကိုလျှော့လိုက်ပါ။ Facebook သုံးချင်တယ် ဒါပေမယ့် ဒီသုံးလလောက်ကို စိတ်ထိန်းပြီး လျှော့ပါ။ တနေ့ကို တနာရီသုံးမယ်ဆိုရင် တနာရီသပ်သပ်မှတ်မှတ်ပဲသုံးပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ ပြီးတော့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်မယ်လို့ စိတ်မွေးထားပါ။

တချို့လည်း မိဘတွေက ဘာဖြစ်မှ ညာဖြစ်မှ ဆေးအမှတ်မှီမှ ဖိအားပေးတာမျိုးကို ပွင့်ပွင့်လင်းလင်းပြောပြီး မပြောခိုင်းပါနဲ့။ စိတ်ထဲမှာ ငါလုပ်နိုင်တာ အားလုံးကို အကောင်းဆုံးကြိုးစားပြီးလုပ်မယ်လို့သာတွေးပါ။ ဒီဆယ်တန်းအောင်သွားရင် ဘာလေးပဲလုပ်ချင်လုပ်ချင် နောက်တဆင့်ရောက်သွားမှာ ဒီတော့ ဒီအချိန်ပိုင်းလေးကို အားပြုလိုက်ပါ။

နောက်ပြီး စာမေးပွဲနီးမှ spot ဆိုတာကို မားးးကတော့ လုံးဝအားမပေးဘူး။ ကိုယ့်အပိုင်နိုင်ဆုံး ဖြစ်အောင်လုပ်ထားတာ အကောင်းဆုံးပါ။ မားးးဖြေတုန်းကတော့ ဘယ် spot ကိုမှ မကြည့်ဘူး အမေ့ကို အားလုံး သိမ်းထားခိုင်းလိုက်တယ်။ အဲ့ဒီ spot တွေက ကွက်တိတိုးမယ်ဆိုရင်တောင် မကြည့်မိလို့ နောင်တမရဘူးဆိုတဲ့ စိတ်မွေးထားတယ်။

မားးး ဖတ်မိတာလေး တခုပါ အောက်မှာ ရေးပေးလိုက်တယ်။ သားတို့ သမီးတို့ တခုခုရသွားမယ်လို့ ထင်ပါတယ် ။

" စိတ်ကူးယဉ် အိမ်မက်တစ်ခုအကောင်အထည်ပေါလာဖို့ဆိုတာ ခိုင်မာပြင်းပြသော သင့်အလိုဆန္ဒများအတိုင်းပင် သင်ဖြစ်ရ၏ အကြောင်းမူ အလိုဆန္ဒရှိသလောက် သင့်၌ ထက်သန်မှုရှိ၏ ထက်သန်မှုရှိသလောက် သင်လုပ်ဆောင်ဖြစ်၏ သင်လုပ်ဆောင်သလောက်ပင် သင့်ဘဝကံကြမ္မာများ ဖန်တီးဖြစ်ပေါရပေသည်။ "

( အောင်မြင်ပါစေ )

မူရင်းပို့စ် facebook မားသံ ဆီမှ ကူးယူဖော်ပြခြင်းဖြစ်သည်။ 

Wednesday, September 11, 2013

1G, 2G, 3G, 4G (LTE), GSM နဲ့ CDMA တို့ရဲ့ကွာခြားချက်


1G ဆိုတာ first generation radio ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ပြောရမယ်ဆိုရင် 1G ဆိုတာ GSM (Global System for Mobile Communication) Standards တွေပေါ်မှာစတင်တည်ဆောက်ထားပြီး data signal များဟာ Analog Signal များပဲဖြစ်ပါတယ်။ Data Transfer Rate အနေနဲ့ကတော့ 28kbps မှ 56kbps အထိသာရှိပါတယ်။ ဖုန်းပြောဆိုရန်သာအသုံးပြုနိုင်ပြီး တစ်ခြား SMS ပေးပို့ခြင်း Internet အသုံးပြုခြင်းတွေကိုတော့ ပြုလုပ်နိုင်ခြင်းမရှိပါဘူး။

2G ဆိုတာ second generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ပြောရမယ်ဆိုရင် 2G ဆိုတာ GSM (Global System for Mobile Communication) Standards တွေပေါ်မှာစတင်တည်ဆောက်ထားပြီးသူ့အရင်1G အဆင့်မြှင့်တင်ထားခြင်းပဲဖြစ်ပါတယ်။ 1G မှာတုန်းကဆိုရင် data signal များဟာ Analog Signal တွေပဲဖြစ်ပြီး 2G မှစတင်ကာ Analog Signal ကို Digital Signal တွေအဖြစ်စတင်ပြောင်းလဲခဲ့ပါတယ်။ 2G Network ကိုအသုံးပြုတဲ့ mobile phone တွေဟာဆိုရင် SMS ပေးပို့ခြင်း ဖုန်းခေါ်ဆိုခြင်းစတဲ့ဝန်ဆောင်မှုတွေကိုပဲလုပ်ဆောင်နိုင်ပါတယ်။ 2G ကိုမြှင့်တင်ထားတဲ့ 2.5G (GPRS), 2.75G (EDGE) မှစတင်ပြီး Picture Message or MMS (Multimedia Message) ပေးပို့ခြင်း Internet အသုံးပြုခြင်း အစရှိတဲ့ဝန်ဆောင်မှုတွေကို စတင်လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

2G မှာအဓိကအားဖြင့် နည်းပညာ၂ခုကိုအသုံးပြုပါတယ်။

Monday, September 9, 2013

Squid Access Control Lists (acls) - 01

ACL ကိုပဲပြန်ဆက်လိုက်ကြရအောင် .. ပထမအနေနဲ့ ဒီနေရာလေးမှာဆွေးနွေးထားခဲ့ပါတယ်။
စလိုက်ရအောင် ဒီတစ်ခါ srcdomian, dstdomain, cache_host_domain ဆိုတဲ့ အရာသုံးခုကို ကြည့်ရအောင်။ဒီသုံးခုက Domain နဲ့ပတ်သတ်ပြီးသုံးတာတွေကြည့်ပါပဲ ။ ဒီနေရာမှာ တစ်ခုသတိထားစေချင်တယ်။ domain and subdomain နှစ်ခုကြားကို သေချာလေး ဂရုစိုက်သင့်တယ်။ ဥပမာအောက်မှာကြည့်ပါ
acl ExAmple01 srcdomain mydomain.com
acl ExAmple01 srcdomain .mydomain.com
ဒီနှစ်ခုကို သေချာလေးကြည့်ပါ ။  ပထမတစ်ခုမှာက mydomain.com ဆိုပြီးသုံးထားပါတယ်။ဒါဆို squid က သူ့ကိုဘယ်လိုနားလည်မလည်းဆိုတော့ mydomain.com တစ်ခုပဲနားလည်မှာပါ။ ဒုတိယတစ်ခုဖြစ်တဲ့ .mydomain.com ကိုတော့ ဘယ်လိုနားလည်မလည်းဆိုတော့ www.mydomain.com Or mydomain.com Or mail.mydomain.com Or etc အစရှိသဖြင့် ဘယ်နေရာဘယ်ဒိုမိန်းကပြဲ့ဖစ်ပါစေ **.mydomain.com မှန်သမျှကို လက်ခံနားလည်ပေးမှာပါ။
dst နဲ့ dstdomain မှာတော့ dst ဆိုတာကတော့ သူစစ်ဆေးမှုကိုတစ်ကြိမ်ပဲပြုလုပ်ပြိး dstdomain ကတော့ မကြာခဏစစ်ဆေးမှုတွေပြုလုပ်ပေးမှာပါ။ဒါကြောင့် dstdomain  ကိုပဲ အသုံးပြုဖို အကြံပြုထားတာကို squid ဆိုဒ်တွေမှာ တွေ့မြင်ရမှာပါ။

ident, proxy_auth နဲ့ပတ်သက်တာတွေကတော့

srcdom_regex, 
dstdom_regex, 
url_regex, 
urlpath_regex,
browser, 
referer_regex, 
ident_regex, 
proxy_auth_regex,
req_mime_type, 
rep_mime_type
စတာတွေပဲဖြစ်ပါတယ်။

^http:// ဆိုတာကတော့ ပုံမှန်အသုံးပြုနေကျ http://. နဲ့အစပြုတာတွေကို ဆိုလိုတာပါ။
\.jpg$ ဆိုတာကတော့ .jpg ဖြစ်တဲ့ပုံဖိုင်တိုက်တွေကို ကိုယ်စားပြုပေးတာပါ။ ဒီနေ့ရာမှာ \ ကိုအပ်ပေးထားပါတယ်။ဘာလို့လည်းဆိုတော့ \ နောက်က . က
အပေါ်ကလိုပဲ အားလုံးအတွက်ကိုယ်စားပြုမယ့် wildcard တစ်ခုဖြစ်လို့ပါပဲ။
နမူနာတွေအနေနဲ့ကတော့

Wednesday, September 4, 2013

Squid Access Control Lists (acls)

Acls ဆိုတာကတော့ squid cache အတွက် အရေးအပါဆုံးနဲ့ အခက်ခဲဆုံးအပိုင်းတစ်ခုပါပဲ။ အခြေခံ Configuration တွေက ကျွန်တော်တိုစိတ်ထဲအတွေးထဲမှာ ချက်ချင်းဆိုသလိုပေါ်ပေါ်လာတတ်ပါတယ် ။ ဒါပေမယ့် acl တွေကတော့ ကျွန်တော်တို အသုံးပြုမယ့် နေရာဌာနပတ်ဝန်းကျင်ကိုလိုက်ပြီးပြောင်းလည်းနေတတ်ပါတယ်။ အခုဒီနေရာလေးမှာ ကျွန်တော် ဆွေးနွေးမှာကတော့ acl နဲ့ acl-operator တို့ကွာခြားချက်နဲ့အသုံးပြူပုံလေးတွေပါ

Access Class and Operator 

ACL (Access Control Lists) မှာ  Class and Operator ဆိုပြီးတော့ ၂ ပိုင်းရှိပါတယ်။ တစ်ခုခြင်းဆီကျွန်တော်တို့ ရှင်းတာပေါ့။
squid server ကိုအင်စတော့လုပ်ပြီး config ပြင်ပြီးတဲ့အခြေအနေတစ်ခုလို့သက်မှတ်လိုက်မယ်။
ဒီနေရာမှာ နက်ဝါဒ့်တစ်ခုလုံးအတွက် အိုင်ပီကို 10.0.0.3 ဆိုပြီး သတ်မှတ်ထားခဲ့လိုက်တယ်ဆိုပါတော့။
နက်ဝါဒ့်ကနေပြီးတော့ squid ကို connect လုပ်မယ်ဆိုရင်  squid က ဘာတွေ စလုပ်မလည်းဆိုတော့ HTTP connection ကို request and accept လုပ်မယ်။ http_access ထဲမှာရှိနေတဲ့ အိုင်ပီကိုစစ်ဆေးမှုလုပ်မယ်။  အဲ့ဒီစစ်ဆေးမှုကနေ connect လုပ်လာတဲ့အိုင်ပီက http_access အိုင်ပီ တူနေတယ်ဆိုရင် သူက Allowed လုပ်လိုက်ပါတယ်။ အကယ်လို မတူရင်တော့ Deny လုပ်ပေးလိုက်ပါတယ်။ ဒါသမားရိုးကျ အခြေခံအကျဆုံး သူ့ရဲ့လုပ်ဆောင်မှုပါပဲ

အကယ်လို့များ 10.0.0.xx နက်ဝါဒ့်မဟုတ်ပဲ တစ်ခြား (ဥပမာ 172.16.x.x.) ကနေ၀င်လာမယ်ဆိုရင်တော့ သူက ဘလောဒ့်လုပ်မှာပါ။  10.0.0.xx နက်ဝါဒ့်ကနေ၀င်လာတာဆိုရင်တော့ ပထမဆုံး Accept မှာတင် သူက Cache တစ်ခုအနေနဲ့ တည်ဆောက်ပြီး သိမ်းထားလိုက်ပါတယ်။ နောက်တစ်ယောက်က ဒီနက်ဝါဒ့်ကနေပဲ အိုင်ပီနောက်တစ်မျိုးနဲ့ (10.0.0.22) ၀င်လာလို့ သူတောင်းဆိုလာတဲ့ Accept ကို ချက်ခြင်းထုတ်မပေးပဲ ခုနက သိမ်းထားလိုက်တဲ့ cache directory ထဲမှာသွားရှာပါတယ်။ ဒါ SQUID ရဲ့ Main အချက်ပါပဲ။ အဲ့လိုအနေအထားမှာ ဘယ်လိုဖြစ်သွားမလည်း .. ဟုတ်တယ် .. မြန်သွားတာပေါ့ ။ ဟိုဝင်ဒီထွက် စောင့်နေစရာမလိုတော့ပဲ ရှိပြီးသား cache ထဲကနေ ဆွဲယူသုံးခိုင်းလိုက်တော့ နက်ပါဒ့်တစ်ခုလုံး မြန်ဆန်သွားတာပေါ့ ။ နောက်တစ်ခုက အခြေခံ Configuration (squid.conf) ကိုသုံးနေတဲ့အခါမှာ
 # And finally deny all other access to this proxy
http_access deny all
ဆိုတာလေးကို သတိမထားမိပဲ ထားခဲ့တတ်ပါတယ် ။ အဲ့ဒါလုံးဝ သတိပြုရမှာပါ ။ ဘယ်သူမှဘာမှလုပ်မရတော့အောင်ဖြစ်ကုန်လိမ့်မယ်။ ဒါ Squid ရဲ့ အခြေခံလုပ်ဆောင်မှုပေါ့။ သူ့ကို acl လေးတွေထည့်ပြီး အဆင့်မြင့်တင်မှုတွေလုပ်ရအောင်။
ခု ACL Lines တွေကိုဆက်သွားမယ်။
သူ့အတွက် ပုံစံက ဒီလိုလေးပါ

acl name type (string|"filename") [string2] [string3] [string3] ["filename2"] 

နောက် သူ့ကို ဘယ်လိုထပ်ပြိးခွဲလိုရသေးလည်းဆိုတော့ အောက်ကလိုပေါ့ (xD)